လက်ပြစ်ကူးနေတဲ့ စိတ်

ပို့စ်အသစ်တင်ရမှာ ပျင်းနေလို့ အေးရာအေးကြောင်း ဟိုလိုလို ဒီလိုလို လုပ်နေ
မိတယ်။ တချို့က ကြည့်မရဘူးထင်ပါတယ်… TAG လိုက်ကြပြန်တယ်လေ…။
တခြားလူတော့မဟုတ်ပါဘူး။ သဘာပတိ (ခ) ဂျဲဂျယ် နဲ့ ဂျပန်မလေး မယ်ဂုမိတို့ပါပဲ။
အခုရက် သူငယ်ချင်းတွေအားလုံးက ဂျပန်မလေး ဂုဂုကို ဂရုတစိုက်
ပျော်အောင်ထားနေရတဲ့ သဘောရှိပါတယ်။ သူငယ်ချင်းဆိုတာ ဒါပေါ့ အားငယ်
သူကို ဖေးကူကြရစမြဲပဲလေ….။
စိတ်ကူးအကြောင်းရေးပေးပါ တဲ့…….
လူတိုင်းမှာ စိတ်ကူးလှလှလေးတွေ ရှိတတ်ကြတာပဲမဟုတ်လား.။ ဒီတော့ ကျွန်
တော့်မှာလည်း စိတ်ကူးယဉ်စရာတွေ ရှိပါပေါ့။ စိတ်ကူးရတာ ငွေမကုန်သလို လူ
လည်းမပင်ပန်းဘူးလေ…. ပျော်စရာ ဆိုရင် ကြိတ်ပီးတော့တောင် ပျော်နေရသေး
တယ်။ အဟဲ…
ကျွန်တော် ဝါသနာပါပြီး သိပ်ဖြစ်ချင်ခဲ့တဲ့ အလုပ်တစ်ခုရှိတယ်။ အဲဒါကတော့
သရုပ်ဆောင်တစ်ယောက် ပေါ့….။ ( မဲ့ပြုံးလေးများ ပြုံးကြမလား… ကိစ္စမရှိပါဘူး
နောက်နောင် မရှက်တော့မဲ့အကြောင်း ငပေါများဂေဟာ က ငပေါကြီးတွေဆီမှာ
ကတိပေးခဲ့ပြီးပြီလေ… မရှက်ပေါင် )။ ဆက်ပြောမယ် ဘယ်လိုသရုပ်ဆောင်မျိုးလဲ
….. တန်ရာတန်ရာပဲ စိတ်ကူးခဲ့တာပါ။ ၁၉၉၅-၉၆ လောက်က မြဝတီ ရုပ်သံက
နေလွှင့်တဲ့ …. နှင်းဆီဝိုင် ဆိုတဲ့ဇာတ်လမ်းလေးကိုကြည့်ရင်း ဒီပိုးစတင်ခဲ့မိပါတယ်။
အလားတူ ကျောင်းဇာတ်လမ်းတွေလည်း ဆက်ကြည့်ဖြစ်ခဲ့တယ်..။ နောက်ကျ၊
နတ်သမီးထောင်ခြောက်၊ တကယ်လို့များ အစရှိတဲ့ ဇာတ်လမ်းတော်တော်များများ
မှာပါဝင်ခဲ့ကြတဲ့…. အရိုင်း ၊ ကုသိုလ်၊ ကင်းကောင် ၊ ပိုးဖြူ၊ ငှက်ပျောကြော် တို့အဖွဲ့
ကိုကျွန်တော် သဘောကျ နှစ်ချိုက်မိခဲ့တယ်။ ပရိတ်သတ် တိုင်းကသူတို့ကြောင့်
ပျော်ရွှင်ရယ်မောကြရတယ်…။ သူတို့ကြောင့် ဇာတ်လမ်းတွေ ပိုမိုပီပြင် တယ်။ သူတို့
ဟာ အလွန်ရှားပါးတဲ့ ငပေါကြီးတွေဖြစ်တယ်။ ကျွန်တော်လည်းသူတို့လိုဖြစ်ချင်တယ်။
သူတို့လို အုပ်စုဖွဲ့သူငယ်ချင်းတွေ ရှိချင်တယ်။ ရချင်တယ်။ ဒါပေမယ့် ကျွန်တော့် ဆွေ
မျိုးအသိုင်းအဝိုင်းထဲမှာ အနုပညာ နဲ့ပတ်သတ်သူ မရှိသလောာက်ရှား ခဲ့သည်မို့…
ကျွန်တော့်စိတ်ကူးဟာ ….. ကျွန်တော့်စိတ်ကူးပါပဲ။ ပျော်ပါတယ်…. အဲဒီလို
စိတ်ကူးလေး ရှိခဲ့ဖူးတာကိုက … ကျွန်တော့်အတွက် သူငယ်ချင်းတွေ များစွာ
ရရှိစေပါတယ်။ အဲဒါပါပဲ။ဘာပဲဖြစ်ဖြစ် အဲဒီလို သရုပ်ဆောင်ကောင်းတွေ အဖွဲ့လိုက်
ပေါ်ပေါက်လာစေဖို့ လည်းမျှော်လင့်နေမိပါတယ်။ ပေါ်လာသယောင်ယောင် ရှိပေ
မယ့် အတော်လေးကွာခြားနေသေးတယ်လို့ ထင်မိပါတယ်။
ကျွန်တော်တို့ ခိုဝင် မနားလိုက်ရတဲ့ သစ်ပုပ်ပင်ကြီလည်း ပျင်းနေပါလိမ့်မယ်။
ကျွန်တော်မသောက်ဖူးခဲ့တဲ့ ဦးချစ် လ္ဘက်ရည်ဆိုင်လည်း ရှိပါတော့မလား…
ကန်ဘောင်က ဘူးသီးကြော်တွေလည်း စတိုင်ပြောင်းကုန်ရောပေါ့။ အင်း…
အဓိပတိလမ်းကိုတော့ အဓိပယ် တွေဘာမှန်းမသိပဲ လျှောက်ခဲ့ဖူးပါရဲ့..။
ဂျပ်စင်ထိပ်ကလရိပ်ပြာ ဆိုတော့လည်း ခံစားမိပါတယ်။
အဲဒါတွေကတော့ အပြင်းအထန် စိတ်ကူးတွေပေါ့ သူငယ်ချင်းတို့ရေ။

လောလောလပ်လပ် စိတ်ကူး…
ဘလော့ဂ်လောက ထဲမှာ သူငယ်ချင်းတွေ အတန်အသင့် ကျွန်တော်ရခဲ့ပါပြီ။
အဲဒီအတွက် များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်က တစ်ဦးတစ်ယောက်ထဲ
နေရခြင်းထက်အုပ်စုဖွဲ့မှုကို ပိုမိုနှစ်သက် သူပါ။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
လည်းအရမ်းကြိုက်ပါတယ်။ ပြီးတော့ လူငယ်ဘဝမှာ ဖန်တီးပုံဖေါ် သွားနိုင်သမျှ
ကျွန်တော် ဖန်တီးသွားချင်ပါတယ်။ အုပ်စုဖွဲ့ သူငယ်ချင်းတွေ သွားတာ လာတာ
မြင်ရင် ကျွန်တော် ငေးကြည့် အားကျမိတတ်ပါတယ်။ သူတို့တွေလိုပဲ သွားချင်
လာချင်မိတတ်ပါတယ်။ အခုတော့ အဲဒီ့လမ်းစလေးကို ကျွန်တော်မြင်နေရပါပြီ။
လမ်းညွှန်ပြခဲ့သူ သူငယ်ချင်း မက်မက်ကိုလည်းအထူးကျေးဇူးတင်ပါတယ်။
ဘလော့ဂ်ပေါ်က သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး ဆုံခွင့်ရတော့မယ်။ ဖုရားဖူးထွက်ရင်း
အလှူအတန်းတွေလည်း လုပ်ရတော့မယ်။ လောလောဆယ်ကျွန်တော် စိတ်ကူးယဥ
်ကြည့်နေသည်….. ဂေဟာက ငပေါတွေ ပါလာရင် သိပ်ကောင်းမည်။မြန်မာပြည်က
နှင်းတွေနဲ့ လှနေပါတော့မည်။
သူငယ်ချင်းတွေအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်…….
မြန်မာပြည်သို့ အလည်အပတ် ပြန်ဘို့ အစီအစဉ်ရှိခဲ့ကြရင် အချိန်လေးများ
ညှိပေးကြဘို့ တောင်းဆိုပါတယ်။
မြန်မာပြည်က သူငယ်ချင်းတွေလည်း ဆက်သွယ်ကြဘို့ တောင်းဆိုပါတယ်။
တွေ့ဆုံရန် ခန့်မှန်းရက်ကတော့ ဇန်နဝါရီလ ၂၀ ရက်ဝန်းကျင်ပဲဖြစ်ပါတယ်။
နေရာကိုတော့ နောက်မှဆက်လက်ကြေငြာ ပါ့မယ်။

ဆက်သွယ်ရန်အတွက်ကတော့…..
Johnsout7@gmail.com (ခပ်ညံ့ညံ့ကောင်(ခ)ဂျူဝသန် (ဂ) လူဝံမှုကျီးကြက်ရေးဝံကြီး )
dream@crazydreamlover.com
or
crazydreamlover@gmail.com
မက်မက် (ခ) Dream

တို့ပဲဖြစ်ပါတယ်။

5 comments:

Dream said...

အဟား.. ကိုရင်ဝသန်ရေ... တရုတ်ချောင်လုပ်ချင်ဖစ်ချင်တာရား.. အဟား.. အတော်ဖဲ.. အတော်ဖဲ... တံခါးရိုက်ဖို့ ချိဒယ် တိရား...

ပတ်တာတောင် ၀ယ်ပီးတွားပီ... အဟား... ဟတ်ဟတ်... :P :P


မောင်နှမတွေ ပျော်ပျော်ပါးပါးကြီး တွေ့ဆုံကြတာပေါ့...
နော့်....

သက်တန့် said...

ဟပ်ချလောင်း...
စိတ်ကူးအတိုင်း ဖြစ်စေသတည်း... :)

megumi said...

ကိုရင်ငညံ့ ၊ နာနဲ့ မက်မက်အထုပ် ဆွဲပေးနော်။
နာ လိုက်မှာ။
ကျိုက်ထီးရိုးကို သိလား။ တူတူသွားကြမယ်။ နင့်ကို မုန့်ဝယ်ကျွေးခိုင်းရမယ်။ ပျော်စရာကြီး :P :P

Dr Phyo Wai Kyaw said...

မိုက်စ်တယ်ဗျ
ပါချင်တယ်.......
ကိုရင် ဂျန်ဝသူရေ..


"မပါနိုင်တော့ ရင်နာမိတယ်..
မငိုချင်ဘူး
ဒီဆောင်းတစ်ညတော့ မငိုချင်ဘူးကွယ်"(သီချင်းပါနော)

Happy New Year!!!

ဖိုးဂျယ် said...

အေးကွာ ငါလဲ လိုက်ချင်ပေမဲ့
ကျောင်းက တက်ရမှာဆိုတော့
မလိုက်ဖို့က များနေတယ်
ပျော်စရာကြီးပေါ့ကွာ
ပျော်ရွှင်ပါစေဗျာ