အမုန်းစာရင်း ( ၁၀)

ကိုယ်စီကိုယ်စီ ( မိမိကိုယ်ကို )အမုန်းစာရင်းတွေရေးပီး ကြပေရော….။
ကျွနုပ်ကို မရမက လိုက် TAG သူက ဟိုကောင် ခပ်ပိန်းပိန်း ဂျဲဂျယ်ပါ။ ငှက်ငယ်လေး ကလည်း
မြှောက်ထိုးပင့်ကော်…. အနောက်ကနေ လိုက်ဖွပါတယ်။ ကိုယ့်ကိုကိုယ်မုန်းတာတွေ များလွန်းလို့
မရေးပဲနေတာ…….. ပီးတော့လည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုလည်း ဖြစ်နေတယ်လေ။
အခုတော့လည်း ရှောင်မရတဲ့ အဆုံး ရေးရတော့တယ်..။ သက်သက်ညှာညှာပဲထောင်းလိုက်ပါ့မယ်။

လာလေရော့ … မုန်းရတဲ့ အကြောင်း (၁၀) ချက်
(၁) ရည်ရွယ်ချက် မရှိခြင်း
( အများတကာလို တနေ့ဘာဖြစ်ရမယ် ဟူသော ရည်ရွယ်ချက်မျိုး ကျွန်တော့်မှာရှိမနေပါ )

(၂) အချို့သောပုဂ္ဂိုလ် များအားကိုယ်နင့်မဆိုင်သော်ငြား မုန်းမိနေခြင်း
( တချို့သော လူများအား ကြုံဖူးကြပါလိမ့်မယ်။ ။ “ငါ့မိသားစုမှ ဘာမှမဖြစ်တာကွာ သိပ်စိတ
မဝင်စားပါဘူး”။ ။ “မင်းတို့ အဲဒီကိစ္စပြောနေတော့ လစာ တိုးမှာလား” တဲ့ ။ ။ “ ဟီးရိုးလုပ်ချင်
တာကိုးကွ အဖမ်းခံရမှာပေါ့..” တဲ့ .. အလားတူစိတ်ဓါတ်ရှိသူ မျိုးအား ကိုယ်နင့်မဆိုင်သော်ငြား
မုန်းတီးတတ်သော စိတ်ရှိပါတယ်။)

(၃) အားငယ်တတ်ခြင်း
(နေမကောင်း ဖြစ်နေတဲ့အခါ၊ အပေါင်းအသင်းမဲ့ တစ်ယောက်တည်းနေရတဲ့ အခါ အလွန်အား
ငယ် တဲ့စိတ်ဖြစ်တတ်ပါတယ်။)

(၄) အစွဲအလမ်း ကြီးခြင်း
( ခံစားချက်တစ်ခုခုအား တာရှည်အစွဲ အလမ်း ထား၍တာရှည် ခံစားနေတတ်သည်။ ဒါလည်း မကောင်း။)

(၅) အိပ်ယာထ နောက်ကျတတ်ခြင်း
( နာရီ အလန်း မြည်ချိန် ချက်ချင်း ထ ပါသည်။ ထို့နောက် အလန်းပိတ်၍ ပြန်အိပ်တတ်သော
နေ့စဉ် အကျင့်တစ်ခုကိုလည်း မုန်းပါသည်။)

(၆)စောစော မအိပ်တတ်ခြင်း
( စောစောအိပ်ယာဝင်သော အကျင့်မရှိပါ။ အကျင့်လုပ်သော်လည်း အိပ်မပျော်ပါ။ မရပါ။)

(၇) တွေးတော မှုလွန်ကဲခြင်း
(တစ်ခါတစ်ရံ ( အမြဲလိုလို ) အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပါပဲ စဉ်းစားတွေးတော
ခန်းဖွင့်နေတတ်ပါတယ်။ အဲဒါလည်း မကောင်းသော အကျင့်တစ်ခုပါ။)

(၈) ပြဿနာတစ်ခုအား ချက်ချင်းဖြေရှင်းလိုခြင်း
(မိမိမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပြဿနာတစ်ခုအား ချက်ချင်းဖြေရှင်းလိုစိတ်
ပြင်းပြတတ်သည်။ (ခေါင်းအေးအေးထားစဉ်းစားခြင်းကိုမလိုလား))

(၉) အဝတ်လျှော် မီးပူတိုက်ရန် အလွန်ပျင်းတတ်ခြင်း
( အဝတ်တန်ဆာတို့သည် ဝတ်ဆင်ရသော အချိန်၌ အလွန်ရှားပါး၍၊
လျှော်ဖွတ်ရသော အခါ၌မူ ပေါများနေတတ်သည်။ ထို့ကြောင့် ပျင်း၏။
( ယခု လျှော်၊ တိုက် အပြီး လုပ်ပေးသော အခါ၌ တစ်ပါတ်နှစ်ကြိမ်
ထို Laundry သို့ပို့ရန် ပျင်းပြန်လေသည်။)

( ၁၀) ကံမကောင်းတတ်ခြင်း
( ကလေးဘဝမှ စ၍ကံစံမဲပေါင်း မြောက်များစွာ ထိုးဖူးခဲ့သည် ။
သို့သော် တစ်ကြိမ်မျှ မပေါက်ဖူးခဲ့.. ( ချဲ၊ နှစ်လုံးထီ အပါအဝင်)။
အချစ်ကံလည်း မကောင်း….. မိမိအား ချစ်လှပါသည်ဟု အပြောခံခဲ့ရဖူးသည်။
များမကြာမှီ ထိုမိန်းကလေးလည်း အခြားသူနှင့် အိမ်ထောင်ပြုသွား၏။
မိမိက ချစ်ပါသည်ဟု….. အမြှုပ်ထွက်အောင် ပြောခဲ့ဖူးပါသည်။ သို့သော်
လုံလောက်သော အဆင့်တက်မလာသော ဘဝကိုလည်း ရင်နာမိပါ၏။)

(၁၁) အဲ…. ပိုရေးလို့ရလား ဗျို့…. ၁၀ ချက်ပဲလား ဂျဲဂျယ်။ ဒါဆိုလည်း တော်ပီ။

တကယ်ပါ

မနေ့ကအထိ ကျွန်တော့်မှာ အလုပ်တွေ အတော် များနေလို့ မအားလပ်ခဲ့ပါဘူး။ နောက်ရက်တွေလည်း "နက်" ကပျက်တောက်ပျက်တောက်ဖြစ်မယ်လို့
လည်း ပြောသံကြားတယ်။ အိပ်မက်တွေလည်း မကောင်းဘူး တစ်ယောက်က ဝါးလုံးရှည်နဲ့ ယမ်းပီး တစ်ယောက်က ပိုက်နဲ့ ဖမ်းလို့ တဲ့...။
အင်း... ဟိုနေ့ကတော့ နောင်တော် တစ်ယောက် ကပြောသွားသား " ညီတော်လည်း အခုရက် အသံတွေထွက်နေတယ် သတိလည်း ထားအုံးနော်" တဲ့။
မျက်ခုံးတွေ လှုပ်လို့ လစာတိုးမယ်ထင်နေတာ လက်စသတ်တော့ ဆံပင်ဖြူနှစ်ချောင်း ပြုတ်ကျတင်နေတာကိုး.......ဗျ။
မနေ့ကတော့ အမေ့ဆီ ဖုန်းဆက်ပီး အ.လာဘ၊ သ.လာဘလေးတွေပြောဖြစ်ပါသေးတယ်။
"သား... အခုအလုပ်ချိန်မဟုတ်လား.."
"အင်းလေ သားအခုဂျူတီကနေဆက်နေတာပါ..."
"အော....ဒါဆို အလုပ်လုပ်နေတာပေါ့"

" မဟုတ်ဖူးအမေ.... သား အခု ကာတွန်းကား ခိုးကြည့်နေတာ.."




တကယ်တော့ ဘာမှ မရှိတော့ပါဘူး...

မကြားရမမြင်ရသော သံယောဇဉ်

အင်း …… ဘလော့လောကထဲကို အိုးနင်းခွက်နင်း ဝင်ရောက်လာ
လိုက်တာ ဘာလိုလိုနဲ့ နှစ်လနီးပါးရှိပါပေါ့လား…။
နှစ်လနီးပါးဆိုတာကတော့ ဒီအိမ်အသစ်လေးကို ဆိုလိုတာပါ။
ဂျူဝသန်ဆိုတဲ့ နာမည်နဲ့ ဘလော့ဂါ ဒေါ့ကွန်းမှာ ဝင်ရောက်ခဲ့ ပီးတာကတော့
ကာပီဆိုပါတော့ ….။ အခုအချိန် အတိုင်းအတာ လေးတွင်းမှာသူငယ်ချင်း
တွေ များစွာ ရလာလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ တကယ်ပါ…။
တစ်နေ့တစ်နေ့ ဘလော့လေးကို ဖွင့်ကြည့်ရင်း ရယ်စရာမောစရာ စကားတွေ
ဖလှယ်ရင်းနဲ့….. သူငယ်ချင်းတွေ အပေါ် သံယောဇဉ်တောင် ဖြစ်လာမိပါတယ်။
တကယ်တမ်းကျတော့ ဒီဘလော့ပေါ်က သူငယ်ချင်းတွေအားလုံးကို မမြင်ဖူး၊ မတွေ့ဖူး
အသံလေးတောင် မကြားဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အိမ်လေးကို ရောက်ဖူးတဲ့
သူငယ်ချင်းတွေရော မရောက်ဖူးကြတဲ့ သူငယ်ချင်းတွေရော အားလုံးကို ကျေးဇူးတင်မိ
ပါတယ်။ ကျွန်တော် သွားရောက်လည်ပတ်ဖူးတဲ့ သူငယ်ချင်းတွေရော မရောက် ဖူးသေးတဲ့
သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် သူငယ်ချင်းတွေ ဆီ အမြဲမပျက်
လည်ပတ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အင်တာနက် အသုံးပြုရတဲ့ အချိန်တွေက မလုံ
မလောက် ဖြစ်နေရတဲ့ အတွက် … အပြေးအလွှား လည်ပတ်နေရတာကိုလည်း နားလည်ပေး
စေချင်ပါတယ်။
အဲဒါကြောင့် ဒီပို့စ်လေးကို ကျွန်တော် မမြင်ဖူး မတွေ့ဖူးသေးတဲ့ ဒီဘလော့ဂါရပ်ဝန်း ထဲက
သူငယ်ချင်းတွေအတွက် ပျော်ရွှင်စေချင်း အလို့ငှါ ရေးသား ဖန်တီးလိုက်ချင်း ဖြစ်ပါတယ်။
(ကိုယ်မမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကို စိတ်ကူးနဲ့ မြင်ကြည့်ဖူးလိမ့်မယ်ထင်ပါတယ်။
ကျွန်တော်လည်း အဲဒီလို မြင်ယောင်ကြည့်မယ်ဆိုပါတော့……….ဒန့်…. ဒန့်…. ဒန့်)


ပထမဆုံး ကျွန်တော် ဘလော့စရေးတုန်းက ကျွန်တော့်ကို အကူအညီများစွာ ပေးခဲ့သူက
တာယာ ပါ …… ဟိုစမ်းစမ်းဒီစမ်းစမ်း ဖြစ်နေချိန်မှာ သူ ကျွန်တော့်ကို လမ်းညွှန်မှုများစွာ
ပေးရင်း၊ အားပေးစကားဆိုရင်းနဲ့ ကူညီခဲ့သူပါ။ အခုနောက်ပိုင်း ကျွန်တော့် အိမ်အသစ်ကလေး
ကိုတော့ သူတစ်ခေါက်မှ ရောက်မလာနိုင်သေးပါဘူး.။ ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ မှတ်မှတ်ရရ
ကျေးဇူးတင်နေတုန်းပါပဲ။ ကျွန်တော်မမြင်ဖူးသေးတဲ့ သူ့ကို စိတ်ကူးနဲ့ ဒီလိုမြင် ကြည့် ပါတယ်။

နောက်တစ်ယောက်ကတော့ အသဲကွဲ ရာက ဘလော့ရေးဖြစ်သွားတဲ့ ကျောင်းဆရာပါ
သူကတော့ ကျွန်တော့် အိမ်အဟောင်းလေးမှာကတည်းက ဒုတိယမြောက် လင့်ခ်ချိတ်
ပေးသူလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ ကျွန်တော် ဒီလို မြင်ကြည့် ပါတယ်။

အရာရာကို ဂွကျကျစဉ်းစားတတ်ဖို့ စိတ်ကူးထားသူက ဗီလိန် ပါ…..။ သူ့ရဲ့ အရေး
အသားတွေကလည်း အင်မတန်ပြောင်မြောက်လှပါတယ်…။ ရွှေတိဂုံဘုရားကြီးကိုတောင်
မလွမ်းပါဘူး တဲ့။ တခါတရံတော့လည်း ဘောင်းဘီဇစ် တပ်ဖို့ မေ့နေတတ်ပါတယ်။
ဖုန်းလို့ ကန်လိုက်တာနဲ့ တစ်ဂိုး ပေးရန် အသင့် ဖြစ်နေသူ ….. သူငယ်ချင်း
ဂိုးသမားကြီး (ဖုန်းတစ်ဂိုး ရှင်) ဗီလိန်ကိုတော့ ဒီလို မြင်ယောင် မိပါတယ် ။

ဖြိုးဖြိုးဖျောက်ဖျောက် ရောက်လာတတ်တဲ့ ကိုမိုးသောက် ကြီးကိုလည်း မှတ်တမ်း တင်ချင်ပါ
သေးတယ်..။ ပန်းချစ်သူ ဝတ္ထုလေးက သူ့ရဲ့ ခံစားချက်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားထားလိုက်တာ
တော်တော် ကောင်းပါတယ်။ သူ့ကိုတော့ ဒီလိုမြင်ယောင် မိပါရဲ့။

နောက်တစ်ယောက်ကတော့ ကျွန်တော် ငပုလိုခေါ်တဲ့ ပုလုကွေးပါ….။ အဲဒီ့ ငပုကို
တော့ စိတ်ကူးနဲ့ ဒီလို မြင် ယောင်လိုက်ပါတယ်။ ရှိတ်ရှိုးရဝူးနော် တယ်ယင်း..။

ကိုဝင်းဇော် ……. အခုနောက်ပိုင်း ကျွန်တော့် ဆီအမြဲလိုလိုရောက်လာတတ်တဲ့ အကိုကြီးပါ။
အားပေးစကားတွေပြောရင်း ကွန်မန့်လေးတွေပေးရင်းပေါ့…။ သူလည်း သူငယ်ချင်းလိုချင်လို့
ဘလော့လောကထဲ ရောက်လာတာလို့ ပြောပါတယ်…။ ဒီလိုလေး မြင်ယောင်မိပါရဲ့။

နောက်တစ်ယောက်ကတော့ ကျွန်တော်နဲ့ ခံစားချက်လေးတွေ ခပ်ဆင်ဆင် ခံစားခဲ့ ဖူးတဲ့
တက်လူငယ် ပါ။ သူကအနုပညာတစ်ခုခုကို လုပ်ချင်နေသူပါ…သူအားတဲ့ အချိန်တွေဆိုရင်
ကျွန်တော့်ဆီ လာလာလည်တတ်ပါတယ်။ သူကတော့ ဒီလိုပုံစံ ထင်ပါရဲ့။

ဘလော့ဂါလေးတွေအတွက် နည်းပညာလေးတွေ ရံဖန်ရံခါ လမ်းညွှန်ပေးနေသူက
ကိုမိုးပြေး …..သူကတော့ လမ်းကြုံမှ ကျွန်တော့်ဆီ ရောက်လာတတ်ပါတယ်။ သူကတော့
ဒီလိုလေး ထင်ပါ့။

ကျွန်တော် ကျားပိစိလို့ခေါ်တဲ့ မန္တလေးက ကျားလေး လည်း ရှိပါသေးတယ်။ သူ့ ပုံစံကတော့
ဒီလိုလေး ဖြစ်မှာပါ။


အခုနောက်ပိုင်း( ဂျိုကုတ်ရှိရာ ဂျိုကုတ်လာဆိုတဲ့ စကားပုံအတိုင်း….)ကျွန်တော့်ဆီ
ဂျဲဂျယ် လို့ခေါ်တဲ့ခပ်ပိန်းပိန်းကောင်လေး တစ်ယောက် မျက်စိလည်ပီး ရောက်လာပါတယ်…။ အဲဒီမှာ
စတွေ့ပါတော့တယ် … ခပ်ညံ့ညံ့နဲ့ ခပ်ပိန်းပိန်း ရှင်းရတော့မယ်မထင်ပါဘူး…။ သူ့ရဲ့
ခံစားချက်တွေကို သူ့ရဲ့ သွေးစက်တွေလို့ တင်စားထားသူပါ။ သူ့ကို ဒီလိုမြင်ယောင်
ကြည့်မယ်လေ။

ကိုရင်နော်နဲ့ ခင်လေးငယ်… သူတို့နှစ်ယောက်လည်း ဘယ်နေရာမှာမှ မတွေ့ .. အတော်
လေး ပျောက်နေကြပါတယ်။ ဒီလိုများလား..။

ကဲ…. ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တို့ ဘက်လှည့်ကြည့်မယ်ပါ့။
ပထမဆုံးကျေးဇူးတင် ချင်သူက အလွမ်းတွေ မကုန်နိုင်တော့တဲ့ မမကြယ်စင်ပါ….။ သူလည်းပဲ
ကျွန်တော့် အိမ်သစ်လေးကို တစ်ခါတစ်ခေါက်မျှ ရောက်မလာနိုင်သေးပါဘူး။ သူ့ကတော့ ဒီလို
ပုံလေး ထင်ပါတယ်။

လာပီဗျို့ အမကြီး ဝါဝါခိုင်မင်း …. ဟာဟ :P ခင်စရာကောင်းတဲ့အမကြီးပါ။ သူ့ရဲ့ အားလပ်
ချိန်တွေတိုင်း အိမ်တွေလျှောက်လည်ရင်း အားပေးစကားတွေ ပြောနေတဲ့အမကြီးပါ။ ပျော်
ပျော်လည်းနေချင်တယ်တဲ့…ကျွန်တော့် အသဲကွဲ ဇာတ်ရုပ်တွေအတွက် သူ့ကို
အားနာမိပါသေးတယ်။ အင်း ကျွန်တော်တို့ အမကြီး အလည်လွန်နေလို့ ကလေး
ကျောင်းကြိုဖို့ ….ထမင်းချက်ဖို့ တွေများ မေ့လျော့ခဲ့ ဖူးမလားလို့ စဉ်းစားမိပါသေးတယ်..။
ကိစ္စတော့ မရှိပါဘူး…. သူက အဆူခံရတဲ့ နေ့မှာလည်း ပို့စ်တစ်ခုရအောင် ဖန်တီးနိုင် တယ်
လေ။ သူ့ကိုတော့ ကျွန်တော် ဒီလို မြင်ယောင်မိတယ် ဗျို့။

ငှက်ငယ်လေး တဲ့……. အကောင်သေးသေးနဲ့ အမြင့်ကို ပျံတက်ဖို့ ချောင်းနေတယ်
ထင်ပါတယ်။ သူ့အရေးအသားလေးတွေကလည်း ရိုးရိုးလေးပေမယ့် ရင်ထဲကို ထိ
ပါတယ်။ “မတက်သာလို့ အဝေးမှာနေရပေမယ့် တနေ့မှ မေ့မရတာက ကျွန်မချစ်တဲ့
အမိမြေပါ” …. ကြိုးစားထားကွဲ့။ ငှက်ငယ်က ဒီလိုပုံ မဟုတ်လား..။

ဒီဇင်ဘာနှင်း …… တခြားအချိန်တွေမှာ ကျတဲ့နှင်းမဟုတ်ပါဘူး။ ဒီဇင်ဘာမှာကျတဲ့နှင်းပါ။
သူက နှင်းတွေကိုချစ်တယ်တဲ့။ ဆုတောင်းကောင်းပါတယ်။ အခုတော့ နှင်းတောထဲမှာ
ခဏခဏနှာစေး နေပါရော့လား..။ (ကိုရီးယားက ကင်ဂျီလုပ်နည်းလေးတော့ တတ်အောင်
သင်ခဲ့ပါအေ။) သူ့ ပုံစံကတော့….. ဒီလိုနေမှာ။

ရောင်ပြန်ဟပ်ပီးရောက်လာ ပါတယ်ဆိုတဲ့ … ရောင်ပြန် ဆယ့်နှစ်ရာသီ မအားလပ်တဲ့
ရောင်ပြန် ….။ အပျင်း ကြီးတယ်မပြောပဲ ပို့စ်အသစ်တွေ မတင်ပဲထားတဲ့ ရောင်ပြန်။
အော… သီတင်းကျွတ်တုန်းကတော့ သူငယ်ချင်းတွေအတွက်ပါ တရားဘာဝနာ ပွား
များ လာတယ်ဆိုပါလား……။ ဘုရားနဲ့ဝေး ဘုန်းကြီးကျောင်းနဲ့ဝေး နေတဲ့
ကျွန်တော်တို့အတွက် သူငယ်ချင်းပီပီ ဒါနလေးတွေ မျှဝေ ပေးတဲ့ ရောင်ပြန်ပါ။
သူ့ကိုတော့ ဒီလို မြင်မိ ပါတယ်။

နောက်တစ်ယောက်က…. ကျွန်တော် လားလား လို့ခေါ်တဲ့ ဒီဇင်ဘာစင်ဒရဲလား ပါ။
သူ့နာမည်ခေါ်ရတာ ရှည်လွန်းလို့ ကျွန်တော် သွားမလည်တာပါ။ ပြီးတော့ လင့်ခ်ချိတ်
ဖို့လည်း ပျင်းနေတာပါ။ နောက်တော့ အကြံပေါ်လာပီး လားလားလို့ ခေါ်လိုက်တယ်လေ။
လားလား ကတော့ ဒီလိုပုံ ပဲနေမှာ။

မမတန့်တန့် ( Rainbow) သူများ တန့်တန့် ဆိုလို့ ကျွန်တော်လည်း လိုက် တန့် လိုက်တာပါ။
သူကတော့ တန့်တန့်ရေ လာပါအုံးဗျ လို့ သွားခေါ်မှရောက်လာတတ်ပါတယ်။ သူ့ကိုတော့
ဒီလိုလေးသာ မြင်ယောင်လိုက်ပါတယ်။

မိစိမ်းကားကြီး ( Green Girl) သူ့နာမည် နဲ့လိုက်အောင်…… တွံတေးသိန်းတန်သီချင်း
သွားသွား ဆိုပြရတာ အမောပါပဲ..။ သူကတော့ ကျွန်တော့်ကို ဆိုက္ကားသမားလာ
ဆိုပြတာလို့ ထင်နေမလားမသိပါဘူး…။ ဘာဖြစ်လဲ အဲဒီတော့ သူ့အိမ်သွားပီး……
တုနှယ်…… တန့်နှယ် …အစိမ်းရောင် ကြိုက်တယ် ဆိုတဲ့ အစိမ်းရောင် မင်းသမီးရယ်... အော့
….. အေ့ လို့ သွားလုပ်လိုက်တာပေါ့..။ စိတ်မဆိုးရဘူးနော် ဒီလိုမြင်မယ်။

အလွမ်းပြေ… အလွမ်းမပြေမှသာ ကျွန်တော့်ဆီ ရောက်လာတတ်ပါတယ်။(အဟိ….
သူ့ရည်းစားကြားရင် အထင်လွဲအုံးမယ်)။ အလွမ်းပြေလေး လွမ်းရင် ဒီလို မဟုတ်လား။

မေ… တဲ့( စိတ်ဖြေရာ) ။ ကျွန်တော်ကတော့ တခါတလေ အမေ လို့ ခေါ်ပါတယ်။ သူကတော့
သား လို့ တစ်ခါမှမခေါ်ပါဘူး။ စိတ်ဖြေစရာ အိပ်နေတာပဲ ကောင်းပါတယ် အမေ….။ အဲဒီလို
ဟုတ်လား …။

မီးငယ်…. သီတင်းကျွတ်ရက်တုန်းက အိမ်တကာ့ အိမ် ဗျောက်အိုး လိုက်ဖောက်နေတဲ့ကောင်
မလေး ပါ။ ဗျောက်အိုးနဲ့ မီးခြစ်မှားပစ်လိုက်မိ တယ်… ဆိုတဲ့ အသံကြားပီးတဲ့ နောက်ပိုင်း သူ
ပျောက်ခြင်းမလှ ပျောက်နေပါတယ်။ သူအခု ဒီလို ဖြစ် နေရော့လား။

ကဲလာပါပီ….
ရွာထဲက ပေါက်ကျော်မလေး နှစ်ယောက် …… သူတို့နဲ့မသိတဲ့ အိမ်က
အတော်ရှားပါလိမ့်မယ်။ မက်မက် ( Dream ) နဲ့ ဂုဂု ( Megumi ) လို့တောင် ပြောနေစရာ
မလိုတော့ပါဘူး။ ကျွန်တော် မတင်ဖြစ်သေးတဲ့ ဘလော့ဂါလေးတို့ နေတဲ့ရွာ (၃) ထဲမှာ
ကွမ်းတောင် ပန်းတောင် ကိုင်ခွင့် တစ်ရာသီ အပိတ်ခံထားရတဲ့ သူတို့အဖွဲ့ဟာ…. ရွာထဲက
ကို ဝင်းဇော်ကြီးရဲ့ ကာရာအိုကေ ဆိုင်မှာ မကြာခဏ ဆူညံမှုများ ပြုလုပ်နေကြပါတယ်။
မိုက်ခဲ တို့အဖွဲ့ဆိုတဲ့ ရာထူးကို ခြေကုတ် အရယူနေကြပါတယ်။ တစ်ရာဖိုး နှစ်ပုဒ်ဟု သတ်မှတ်
ထားသော်လည်း …… သုံးပုဒ်ရအောင် မိန်းကလေးများ ပီပီ နင်လား ငါလား အဆစ်တောင်းကြ
ပါတယ်။ သူတို့ ဆိုသော သီချင်းတွေကလည်း တကယ့်ရှည်ပေ့ ဆိုတဲ့ ဒေါ်မာမာအေးတို့၊ ဒေါ်
ရီရီသန့်တို့၊ ဒေါ်ခင်ညွန့်ရီတို့… ရဲ့ သီချင်းကြီး သီချင်းငယ်တွေပါ။ အဲ….. ဒါတင်မကသေး
ပါဘူး။ တစ်ရာဖိုး သုံးပုဒ်ဆိုပြီးပြန်တော့လည်း …. နောက်ထပ် သီချင်းတိုတိုလေး တစ်ပုဒ်
ဟု ထပ်တောင်းပြန်ပါသေးတယ်။ အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ ကာရာအိုကေဆိုင်က ကိုဝင်း
ဇော်ကြီးခမျာ မတက်သာလို့ ထက်ဖွင့်ပေးရပါတယ်။ အဲ….. အဲဒီအခါကြတော့
ခေတ်ပေါ် ဟစ်ဟော့ သီချင်းတွေကို တောင်းတာပါ။ စန္ဒီမြင့်လွင်တို့၊ Jenny တို့ ဆိုထားတဲ့
မြူးမြူးကြွကြွ သီချင်းတွေပါ။ ခက်တာက သူတို့က အဲဒီသီချင်းစာသားတွေကို အလွတ်မရကြ
ပါဘူး။ ရတဲ့နေရာ ကြပြန်တော့လည်း မြန်နေလို့ လိုက်မဆိုနိုင်ကြပါဘူး။ အဲဒီတော့လည်း
ရရာ လက်နှက်ဆွဲကိုင်ကြတဲ့ အနေနဲ့ …. တီးလုံးသံအတိုင်း ၊ တေးသံရှင်တွေ ကတဲ့အတိုင်း
တစ်ဖွဲ့လုံး လိုက်ကကြပါတယ်။ မက်မက် ကတော့ ဒီလိုလေး ကပါတယ်။
သူတို့အဖွဲ့က ကာရာအိုကေဆိုင်မှာတင် မိုက်ခဲကြတာမဟုတ်ပါဘူး…။ ရွာထဲက အန္တရာယ်
ကင်း ပရိတ်၊ ပဌာန်း ရွတ်ပွဲတွေမှာပါ….. လူကြီးသူမတွေနဲ့ ရောရောင်၊ ပေါကြောင် လုပ်ရင်း
ရောဂီရောင် ဝတ်စုံလေးတွေ ဝတ်လို့….. အာဖျံကွီးလိုက်လုပ်တတ်ကြပါတယ်..။ ဝတ်ရွတ်သူ
တွေကို ….. မိုက်ကရိုဖုန်း သုံးလုံး ပေးထားရင် သူတို့ အဖွဲ့ကတင် နှစ်လုံးကို အမိအရ ၊
လုယူထားကြပါတယ်။ တကယ်တော့ သူတို့ တစ်ဖွဲ့လုံး မင်္ဂလာ့ သုတ်တောင် ဖြောင့်ဖြောင့်
တန်းတန်းမရကြရှာပါဘူး။ မက်မက် ဆိုရင် ကြာနီကန်
ဆရာတော်တရား ခွေဖွင့်ပီးတရားနာသလိုလိုနဲ့ အိပ်ပျော် နေတာများပါတယ်။( ဘယ်ရမလဲ
ငါ့အလှည့် )။
တနေ့တော့ သူတို့အဖွဲ့ မြို့ပေါ်က ရိုဇန် ရဲ့မွေးနေ့ပွဲကို သွားကြပါတယ်။ မွေးနေ့ပွဲ ကျင်းပရာနဲ့
မလှမ်းမကန်းလေးမှာ ဟောလိဝုဒ် ကမီဒီယာသမားတွေနဲ့ အတွေ့…. ဂုဂုက ဝမ်းသာအားရ
အနားကိုသွား စပ်စုတယ်။( စကားမဆက် ကျွန်တော်ပထမဆုံး ညာတာပါတေးနဲ့ လင့်ခ်ချိတ်
ခံရဖူးပါတယ် ချိတ်ပေးသူက ဂုဂုပါ..အဲဒီအချိန်က သူ့ ဘလော့လေး သက်တမ်း
တစ်လမပြည့်သေးခင်ပေါ့) ။ မက်မက်တို့ ငှက်ငယ်လေးတို့ကတော့ ငှက်သိုက်မုန့်ကို
ဒလက်နဲ့ လှည့်ရောင်း တဲ့တွန်းလှည်း နောက် ငေးကြောင် ငေးကြောင်နဲ့ပါသွားကြပါတယ်။
ဂုဂုလည်း ဟိုမီဒီယာ အဖွဲ့က ကင်မရာတွေ မိုက်ကရိုဖုန်းတွေကို ငေးရင်းကျန်နေခဲ့တယ်။
အဲဒီမှာတင် ဂုဂု ကံကောင်းချင်တော့ ဟောလိဝုဒ် မီဒီယာအဖွဲ့ကြီးကနေ သူ့ကို အင်တာ
ဗျူးလုပ်ပါတော့တယ်။ ဂုဂုလည်း ပထမတော့ ဝမ်းသာအားရပေါ့….။
သူတို့က ဂုဂုကို ရိုးရိုးလေး မေးတာပါ…. မွေးနေ့ရှင် ရိုစန်အတွက် ၊
ဘက်ဒေးဝစ်ရှ် လေးလုပ်ပေးရုံပါပဲ…. ။ ဂုဂုတို့ ဟောလိဝုဒ်မှာ နာမည်ကြီးသွားတယ်ဗျို့…။

ဂုဂု သို့ အင်တာဗျူး…။

( မှတ်ချက် ။ ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ အပေါ်စိတ်ကူးနဲ့ အမြင်လေးတွေကို ဟာသ ဗီဒီယိုလေးများဖြင့်တင်ပြထားပါတယ်။ R click>> Save Target As...ဖြင့် ဒေါင်းလော့ ချ၍ကြည့်ရှုနိုင်ကြပါသည်... ခညာ)

အားလုံးပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။
မှတ်တမ်းတင်ရန် ကျန်ရှိနေသူများအားလုံးကိုလည်း နောက်များမှ ဆက်လက်
မှတ်တမ်းတင်အုံးမည်ဖြစ်ကြောင်း….။




မသီတာ ဂရက်

ကျွန်တော် (ကျွန်တော်နှင့် မြူနှင်းဝေသောညများ) ပို့စ်တင်ပီးလို့
နာရီဝက်လောက် အကြာမှာဗျာ... .... Dream ( ခေါ်) မက်မက်
ဆားချက်တယ်ဆိုလား..... ပို့စ်တစ်ခုတင်လိုက်ပါတယ်....။
ကျွန်တော့်နာမည် သုံးမယ်လို့လည်း သူပြောပါတယ်...။
သုံးပေါ့.... ကျွန်တော်ဆို ဘယ်သူ့ကိုမှ မပြောပဲသုံးတာ...။သိပီးသားပဲ
ကိုယ့် အကြည်တော်တွေ နှမတော်တော် တွေအကြောင်း....။
အံ့သြစရာကတော့....မက်မက်က ကျွန်တော့် အကြောင်း(မသီတာနဲ့ ပတ်သတ်၍)
..... မိနစ်ပိုင်းလေးနဲ့ ရေးသားနိုင်တာရယ်...... သူရေးသားနေချိန်မှာ ကျွန်တော်က
ဗိုလ်လုပွဲ သွားကန်နေချိန်ပါ....။နောက် ထက် ငါးနာရီကြာမြင့်ချိန်မှာ
အွန်လိုင်းကိုရောက်လာတော့ .... ကျွန်တော့် ပို့စ်အတွက် ကွန်မန့်
သုံးခုရောက်နေပါတယ်.... ကိုဝင်းဇော်ရယ်၊ အမဝါဝါခိုင်မင်းရယ်၊ တက်လူငယ်ရယ်ပါ... (ဟာဟ.. ရေးရတာ အားရှိပါရဲ့...) ။
အဲ.... အဲဒါနဲ့ မက်မက်ဆီကို ရောက်သွားလိုက်တာ...
အိုးဗျ.... အရပ်ကတို့ရေ.. ကျွန်တော့်နောက်မှ တင်လိုက်တဲ့ သူ့ပိုစ်မှာ
ကွန်မန့် ၁၃ခုရောက်နေပါရော့လား....။ မသီတာ အကြောင်း ...ကိုလည်း
အကွက်စေ့စေ့၊ အပေးအယူမျှမျှ၊ ဟာကွက်မရှိအောင် တွယ်ထားလိုက်တာ..
ကျွန်တော်တို့လည်း ဘောလုံးပွဲရှုံးလို့ ချန်ပီယံဆုကြီးနဲ့ ဝေးခဲ့ရပါရော့လား.....။
ဗီလိန် ရေ ငါတို့ ပန်နယ်တီ ကန်တော့ မင်းကိုပြေးခေါ်ချင်လိုက်တာ
ဘုန်းတစ်ကိုးရှင်ကြီးရယ်...။

အဲ... ငှက်ငယ်လေး ကလည်း အပြေးအလွှား လိုက်ဖွလိုက်ပီဗျို့...
မသီတာကို ရွှေတိဂုံ ဖုရားမှာတွေ့တယ်ဆိုလား...
အော်... ငါ့နှယ်... တစ်ခါလေး အသဲကွဲ ပြလိုက်တာ.... :P

ကျွန်တော်နှင့် မြူနှင်းဝေသောညများ

(၁)
ရနိုင်မယ်ဆိုရင် နှင်းဆီရောင် ဝတ်ရုံတစ်ခုနဲ့ပဲ ကျွန်တော့်ရုပ် အလောင်းကို
အုပ်မိုးပေးပါ။အဝါညီးညီးလွင်ပြင်တစ်ခုရဲ့ လေထန်ရိုင်းရိုင်းတွေကြားမှာ လူသေတစ်
ယောက်ကို သူ့ကံအလျှောက်ထားခဲ့ပါ။ဟိုးအဝေးမှာ မြူဝေမှိုင်းပြလို့ အရာရာ ကဝေ
ဆန်အောင် လှနေပါစေကျွန်တော်ခံယူနေမှာက ဓမ္မတေး တစ်ပိုဒ်ရယ်ပါ…..။
……. ချစ်မိသူဆိုတာ လောကမှာ စစ်အရှုံးဆုံးသူပါ မသီတာ၊
ချစ်မိပြီ ဆိုကတည်းက အဲဒီ့နှလုံးသားဟာ တယုတယနဲ့ သေမိန့် ကျသွားခဲ့ပါပြီ၊ ဦးပုညရဲ့ လင်္ကာတွေ ထဲကလို တရားဝေခွဲရင်း စကားတွေ အလဲလဲ
ဖြစ်ခဲ့ရတဲ့ ဒီကောင်ကတော့ စက္ကူမင် တစ်မျဉ်းအောက်မှာ လူမိုက်အဖြစ်
စာရင်း ပေါက်သွားပါပြီ………။
ထားခဲ့ပါ မသီတာ……
သွားလိုရာကိုသွားပါတော့…….
ကောင်းကင်မှာ ကြယ်တွေပွင့်ဝေကြပြီလား…..။
ပင်လယ်မှာလည်း ဗေဒါတွေ မြောလိုရာမျောရင်း ဆက်ပွင့်ကြဦးမှာပါ…
ဘာပဲဖြစ်ဖြစ် လေ…
ဘုံအဆင့်ဆင့်မှာ စံရင်း
(မသီတာတစ်ယောက်) ကံအဆင့်ဆင့်မှာ မြင့်သည်ထက်မြင့်ပါစေ၊
ကျွန်တော် ဆုတောင်းနေပါ့မယ်…..။
ကျွန်တော်နဲ့ လကွယ်ညတွေကတော့
ဝိုးဝါး မှောင်ရီ
လွမ်းဆွတ်နေကြဦးမှာပါ……။
ကံတရားဆိုတာ ဒါလားဟင် ၊
ရှိပါစေ၊ ရှိပါစေတော့ မသီတာရယ်။

(၂)
ခတ္တာတို့ ပွင့်တဲ့တစ်လရဲ့
ကော်ရစ်ဒါလမ်းပေါ်မှာမသီတာကို စတွေ့ခဲ့တာပါ။
အဲဒီအချိန်ထဲက ကျွန်တော့်ရဲ့ အိပ်မက်တွေထဲမှာ မသီတာဆိုတဲ့ ဆံပင်ရှည်ရှည်
ကောင်မလေးက လင်းသန့်တောက်ပလို့လာခဲ့တာပါပဲ။
………. မသီတာကို ကျွန်တော်သိပ်ချစ်တယ် မသီတာရယ်……။
………. သူများတကာတွေ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ
မသီတာရဲ့ ဆံနွယ်လေးကို ကျွန်တော်ချစ်သလောက်တောင် ရှိမှာ မဟုတ်ပါဘူး။
……… ကျွန်တော်က အဲဒီလိုအရူးအမူးပေါ့…..။
…….. ကဗျာတွေရယ်
မသီတာရယ်ကို ကျွန်တော် အရမ်းချစ်တာပဲ။
တစ်ခါတစ်ခါ ကိုယ့်ဘဝကိုယ် ပုံဖော် စဉ်းစားကြည့်ရင် ဆူးစူးနေတဲ့
ဆပ်ပြာပူဖောင်းလေးကိုပဲ မြင်ယောင် မိပြန်ရဲ့။ အဲဒီလိုနဲ့ ခတ္တာ ခါးခါးတွေကို
ကျွန်တော် ဖုရားတင်ခဲ့မိတယ်ထင်တယ်။
…….. ကျွန်တော်က ကံဆိုးတဲ့ကောင်ပါ မသီတာ။
………. ကျွန်တော်က မသီတာလို့ တိတ်တိတ်ကျိတ် ခေါ်ပေမယ့် မသီတာရဲ့
နာမည်ကတော့ မသီတာဖြစ်မလာခဲ့ပါဘူး။
မသီတာရဲ့နာမည်လေးကို သဲမြေဖုံဖုံမှာ မှုံနေအောင်လည်းရေးခဲ့ဖူးပါတယ် ။
ကျွန်တော်လွမ်းတယ် မသီတာ တော်ဝင်လမ်းကြီး သိပါလိမ့်မယ်…။

(၃)
ကျွန်တော်နေတဲ့ မြို့သစ်ကလေးက မသီတာရဲ့ သူငယ်ချင်းတွေဆီ မကြာခဏ
ရောက်လာတတ်တယ်မဟုတ်လား….။တစ်ခါတစ်ရံတော့လည်း ဘယ်သူမှမသိပဲ
ကျွန်တော်မျှော်နေမိပါတယ်…။စာသင်ခန်းထဲက မျက်မှန်းတမ်းမိယုံ
အပြုံးလေးရရှိခဲ့တဲ့နေ့ ကျွန်တော်သိပ်ပျော်ခဲ့ရတယ်မသီတာ…….
မသီတာရဲ့ သူငယ်ချင်းတွေဆီမှာ မသိမသာလေး စုံစမ်းရင်းနဲ့ မသီတာရောက်လာမဲ့ရက်
… အချိန်တွေကို မျှော်ရည်တမ်းတခဲ့ရသူပါ.။
ကျွန်တော်တို့ မြို့သစ်ကလေးက ရထားသံလမ်း ဘေးမှာ အလျှားလိုက်တည် ရှိပါတယ်။
ကျွန်တော့်အိမ်ခြံဒေါင့် တစ်နေရာမှာ ဘယ်သူမှ သတိထားမိဟန်မရှိတဲ့ ….
ဆိတ်ဖလူးပင်လေး တစ်ပင်ရှိပါတယ်။
ရထားသံလမ်းရဲ့ ခပ်လှမ်းလှမ်းမှာ မထည်ဝါလှတဲ့ အရက်ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။
ကျွန်တော်လည်း လူငယ်တွေထဲက လူငယ်တစ်ယောက်ပါပဲ.. ဆိတ်ဖလူးပန်း တို့ရဲ့ ညှို့ယူခံ
လိုက်ရတဲ့ ညတွေမှာ… ရထားသံလမ်းထက် ခေါင်းငိုက်စိုက်ချ လမ်းလျှောက်တဲ့
အခါလျှောက်ပါတယ်။ အမှောင်ရဲ့ ကပို့ကရို့လေးမှာ အရက်ဆိုင်ထဲ….
မရဲတရဲ ဝင်ခဲ့တဲ့ အခါလည်း ဝင်ပါတယ်။
ဒါပေမယ့် မသီတာရေ…… လူတွေအကြောင်းကို ကကြီးကနေ အ. အထိသိနေတဲ့
ဗလုံးပထွေး လေသံတွေကြားမှာ ….. အရက်ဆိုင်ထဲက ထ.ပြန်ခဲ့ မိတယ်…..။
……… မသီတာရယ် …
ကျွန်တော်မသီတာကို ရင်ထဲစွဲ အောင်ချစ်ခဲ့တယ်။
မသီတာနဲ့ ပတ်သတ်ရင် ကျွန်တော် စိတ်ကူးတွေလည်းယဉ်ခဲ့ဖူးတယ်။ စိတ်ကူးတွေလည်း
ရိုင်းခဲ့ဖူးတယ်။ နောက်ဆုံးတော့ စိတ်ကူးဟာ စိတ်ကူးနဲ့ပဲ လွင့်ပြယ်ခဲ့ ပါတယ်။

(၄)
မသီတာအတွက် ကဗျာတွေ အများကြီး ကျွန်တော်ရေးခဲ့တယ်။
မသီတာကိုလည်း ပေးဖတ်ချင်တယ်။ဒါပေမယ့်လည်း ကျွန်တော့်မှာ
အဲဒီလို အခွင့်မပိုင်ခဲ့ဘူးနော်။မသီတာကလည်း ကျွန်တော် ချစ်တာကို မသိခဲ့ဘူး။
ကျွန်တော်ကလည်း မသီတာ သိအောင်မချစ်ခဲ့ဘူး။
………. တစ်ချက်လောက်ငေးကြည့် မိရင်းက အငြိငြိ အယှက်ယှက်နဲ့ ချစ်မြတ်
လွမ်းဆွတ်ခဲ့ရတာပါ……။
ပန်းတောင်ခါးပန်းမှာ ပျော်ပျော်လွင်လွင် ဆော့ကစားနေတဲ့ မင်းသမီးလေးကို
လယ်ကွင်းထဲကနေ ငေးကြည့်ခဲ့ရတဲ့ စပါးပင်လေးလို ကျွန်တော်က မသီတာကို
ငေးကြည့်ခဲ့ရတာပါ……
အဲဒါထက် ဘာမှ မပိုခဲ့ပါဘူး မသီတာ….။
အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ မြို့သစ်ကလေးမှာ လေကြမ်းတွေ ကသီကဝေ
တိုက်လာတယ်။ ဒီလိုနဲ့ ရထားသံလမ်းထက်မှာ ခါတိုင်းထက်ပိုပြီး မိုးမြူတွေ
လင်းပြာလာတယ်။
………. မသီတာကို ချစ်ရင်း၊ လွမ်းရင်း…. မသီတာအကြောင်း စဉ်းစားရင်း…၊
ရနံ့ ဟောက်ပက်ဖြစ်နေတဲ့ စက္ကူပန်းတစ်ရွက် ကကျွန်တော့် ရှေ့ကိုကြွေ
ကျလာပါတော့တယ်…။

(၅)
မသီတာနဲ့ မသီတာရဲ့ချစ်သူကိုရယ် မော်ကျွမ်းဝင် မြင်တွေ့လိုက်
ရတဲ့အချိန်မှာ ကျွန်တော်ဟာ လူတချို့နဲ့ စကားပြောနေတယ်မသီတာ..။
မသီတာတို့ကို မမြင်ယောင်ပြု၊ နားထောင်လက်စ စကားကို ဆက်နားထောင်၊
အများနဲ့ အတူလိုက်ရယ်မော နေရပေမယ့် ကျွန်တော့်ရင် ထဲမှာ
စူးစူးဝါးဝါး နာကျင်ခဲ့ရပါတယ်။
အဲဒီညမှာ ကျွန်တော့်ဝိညာဉ်ဟာ မီးပုံထဲအခါခါခုန်ချ၊ ကျွန်တော့် ဘဝက စဥ့်နီတုံးကြီးလို
လမ်းပေါ်လိမ့်သွား…. အလွမ်း ဆိုတာ စိတ်ကိုခွဲတဲ့ ဓါးတစ်လတ်ဖြစ်ကြောင်း ကျွန်တော်
ခံစားနာလည်ခဲ့…….။
……… မသီတာရယ် ကျွန်တော်က အမြဲကံဆိုးခဲ့တယ်။ စိတ်ထဲမှာ ဖျက်ကနဲ ပွင့်တဲ့ပန်းကို
စိတ်နဲ့တောင် မနမ်းလိုက်ရပါဘူး။ အစကတည်းက မနီးစပ်ခဲ့ကြပေမယ့် ခုလိုဝေးရတော့
ကျွန်တော့်ရင်ထဲမှာ နာကြည်းစရာတွေ ထွေပြားလှပါတယ်။
တက်ခေါက်ရပါများလို့ လျှာဖျားတွေတောင် အသားမာ တက်ခဲ့ပါပြီ။
….. မသီတာရယ် ဘယ်သူမှ မသိပဲမသီတာကို ကျွန်တော်ချစ်ခဲ့တယ။
ဘယ်သူမှမသိပေမယ့် မသီတာကို ကျွန်တ်ာလွမ်းရအုံးမယ်….။
ကျွန်တော်က သူရဲကောင်းတော့ မဟုတ်ပါဘူး….. ဒါပေမယ့် ကြောက်စရာ
အကောင်းဆုံး အရှုံးတွေနဲ့ တွေ့ရတဲ့ အခါမှာတောင် ခြင်္သေ့ခံ ခံပြီးမှ ပြန်ဆုတ်
ခဲ့တဲ့ကောင်ပါ၊ အခုဆို ကျွန်တော့်ရင်ထဲမှာ လေပွေတွေလဲ့လဲ့ပြာ တိုက်ခတ်တယ်
ကိုယ့်ကိုကိုယ် ရွက်ကုန်ဖွင့်ပီး ကျောက်ဆောင်ကြီး ပွင့်လန်သွားအောင် တအား
ဝင်တိုက်ပစ်လိုက်ချင်တယ်…….။
……. မသီတာ ကျွန်တော့်ကို ထားခဲ့ပါ၊
မသီတာသွားလိုရာကို ဆက်သွားပါ၊ ဒါပေမယ့်တစ်မှုန် တစ်ဆစ်ကလေးလောက်ဖြစ်ဖြစ်
ကျွန်တော့်ကို နားလည်ပေးပါလား … ကျွန်တော့်ရဲ့ မသီတာ….။ ။

(၆)
အစကတည်းက အဖေါ်ကင်းမဲ့နေခဲ့ တဲ့ကျွန်တော်ဟာ အခုတော့ မြို့သစ်
ကလေးရဲ့ လကွယ်ညတွေမှာ လမ်းတကာလျှောက်သွားခဲ့ဖူးပါပြီ။
မသီတာကို လွမ်းလွန်းမှ … အရက်ဆိုင်လေး ရဲ့ အမှောင်ထောင့်နားဆီမှာ…
တစ်ယောက်တည်း ရီဝေတိတ်ဆိတ်ရင်း လောကကြီးရဲ့ မာယာတေးသွားကို မကြားတစ်ချက် ….
ကြားတစ်ချက် ဖြစ်နေတတ်တယ်။
……….အချစ်ရဲ့ သဘောသဘာဝ အကြောင်း …. အံခွနေတတ်နဲ့ လူတွေကြားမှာ
အကြိမ်ပေါင်းများစွာ ကျွန်တော် ဟာ အံဝင်ခွင်ကျ လွဲချော်ခဲ့ရဖူးပါတယ် မသီတာ။
ဒါတွေကိုလည်း ပြောပြချင်တာပေါ့မသီတာရယ်၊ မသီတာရဲ့ အားပေးစကားနဲ့ အားလုံးကို
ပြန်လည်တည်ဆောက်ချင်တယ်၊ မသီတာရဲ့ လက်ကလေးကို ကိုင်ပြီး အရာရာကို ရင်ဆိုင်
ချင်တယ်၊ အခုတော့ အဲဒါတွေအားလုံး အိပ်မက်ပေါ့၊ ရက်ရက်စက်စက် ပဲ့ခွက်နဲ့ အခုပ်ခံရတဲ့
အိပ်မက်တွေကိုပဲပိုင်ဆိုင်ခဲ့ရ……..။
ကျွန်တော်တစ်ယေက်တည်း လောကကြီးထဲကို ထိုးခွင်းဝင်ရောက်ဆဲပါ မသီတာ။
တစ်ခါတစ်ခါကျတော့လည်း သရော်ပြုံးလေးနဲ့ ကိုယ့်ရာဇဝင်တစ်စောင်လုံးကို
“ဘုန်း” ခနဲနေအောင် ဆောင့်ကန်ပစ်လိုက်ချင်ပါတယ်။
ကျွန်တော် မပျော်ပါဘူး မသီတာ……
မသီတာကို ချစ်တယ်….
မသီတာကိုလွမ်းတယ်…..
မသီတာကို သတိရတယ်….။
ကျွန်တော် ထုံးဖွဲ့ခဲ့တဲ့လမ်းပါပဲလေ…။ ရောက်မှာ မဟုတ်ဘူးဆိုရင်တောင်
လျှောက်တာတော့လျှောက်ရအုံးမှာပါ။
ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာစာပိုဒ်ထဲကလိုပေါ့….
“စိတ်ဓါတ်တွေ ကျဖန်များတော့လည်း ကိုယ့်ကိုကိုယ် ဗလာစာအုပ်လိုဆွဲဖြဲ၊
လွယ်အိတ်ထဲ အုတ်ခဲထည့်လွယ် ခွင့်တွေနဲ့ ကျောင်းတော်မှာ ပြန်ပွင့်ချင်မိတယ်”
အခုတော့ အရာအားလုံး ပြီးဆုံးသွားပါပြီ။
ကျွန်တော့်ရဲ့ မသီတာ အကြွင်းမဲ့ ငြိမ်းချမ်းပါစေ………။
မသီတာရဲ့ ချစ်သူဟာ မသီတာအတွက် ဂါထာမတန်သော ကဗျာ
တစ်ပုဒ် ဖြစ်ပါစေ။ ကျွန်တော်ကတော့ မသီတာကို ချစ်မြဲချစ်နေမယ်၊ ချစ်သထက်ချစ်နေမယ်။
အဲဒီအတွက် ခံစားရမဲ့ ဝေဒနာဟာ ရင်နှင့်မမျှဘူး ဆိုရင်လည်း လမ်းပေါ်မှာ ရင်တစ်ခွင်လုံးဖွင့်
ပြီး…… သတိရခွင့်တွေကို ဖျစ်ညှစ် ဆုပ်ကိုင်ထားဦးမယ်။
…….. စောင့်ကြည့်ပါ မသီတာရယ်….
တနေ့နေ့တော့ မသီတာ ကျွန်တော့်ကို သိလာမှာပါ။
မသီတာကို ကျွန်တောင် ဘယ်လောက်ချစ်တယ်ဆိုတာ ( မသီတာရဲ့ ချစ်သူထက်တောင်
ကျွန်တော်က မသီတာကို ပိုချစ်တယ်ဆိုတာ)
တနေ့နေ့တော့ သိလာမှာပါ……။
(အိပ်မက်ထဲမှာပဲဖြစ်ဖြစ်) ပြန်လည်ဆုံတွေ့ကြရင် မသီတာရဲ့ ဆံနွယ်မျှင်လေးတွေကို သီရီငေး
မောရင်း ပြောပြရဦးမယ့် စကားများစွာ ကျွန်တော့်မှာရှိပါတယ်။
ဗေဒါမှတ်တမ်း၊ ကျမ်းတစ်အုပ်ကိုပိုက်၊ လူမိုက်ကလေးရဲ့ သန်းခေါင်ယံဟာ လရောင်ဖြူကို
ပန်မယ် မသီတာ ….။
နှောင်းခောတ် မှာကျရှုံးသူတွေအတွက၊် ကျွန်တော့် ရင်ဘတ်က၊ ကျောက်စာတစ်ချပ်
ဖြစ်ချင် ဖြစ်သွားပါလိမ့်မယ်။
နောက်ကျောဆီက ရထားဥသြဆွဲသံ …… စူးစူးဝါးဝါး အော်နေတယ်။

(၇)
ကျွန်တော် အိပ်မပျော်ပါဘူး။
မျက်စိဖွင့်ကြည့်ရင် လည်း မြူနှင်းဝေတဲ့ ညကိုပဲ မြင်ရဦးမှာပါ မသီတာရယ်…..။

(ဝန်ခံချက်။ ။ ဆရာ တာယာမင်းဝေ ၏ကိုယ်ရေးကိုယ်တာ စာပိုဒ်တစ်ချို့အား၊ မိမိခံစားချက်များဖြင့် ကိုးကားရေးဖွဲ့ထား ခြင်းဖြစ်ပါသည်။)

လွဲချော်ခြင်း



ထိပ်ထားရေ.....
နင့်ရဲ့ တခဏ
ကြယ်ကြွေညတွေနဲ့ ဆုံဖြစ်တဲ့အခါ.....
ငါ့ရဲ့ဆုတောင်းသံလေးတွေ ကို သတိရလိုက်ပါ။
နင်မမြင် နင်မသိပေမယ့် ငါ့အိပ်မက်ထဲ........
ဖျက်ကနဲ ပွင့်လာတဲ့ပန်းလေးဟာ
နင်ပါပဲ ထိပ်ထား..။
မြင်သာယုံလေးပဲ
ခိုးကြည့်ရ.... ကြည့်ရပါ
နင့်ရဲ့ လာရာလမ်းမှာ
ငါ့အလွမ်းတွေ ခင်းရင်း...ခိုးကြည့် ချင်ပါတယ်။
တနေ့နေ့တော့ ဖြစ်လာမှာပါ......။
တနေ့နေ့ တော့ဖြစ်လာမှာပါ။
ရန်ကုန်မှာလည်း
မိုးတွေ ရွာအုံးမှာ မဟုတ်လား...။
ဇီဇ၀ါပန်းတို့လည်း ပွင့်ကြအုံးမှာပါ...။
ငါ့ရဲ့ သံစဉ်တွေ ကိုနားထောင်ရင်း
ရွှေရောင်တောက်နေတဲ့
မိုးညနေခင်းလေးမှာ... ငါ့ကို သတိရပေးပါ။
ပြိုင်ဘက်တွေ ပေါတဲ့ငါ့အတွက်..
ချစ်တဲ့သူတွေ ပေါတဲ့နင့်ရင်ခွင်အခန်းလေးမှာ
နောက်ဆုံး အတန်းကပဲဖြစ်ဖြစ်
နေရာရချင်မိပါတယ်။
အဲဒါပါပဲ...ထိပ်ထား...
အဲဒါထက်ဘာမှ မပိုပါဘူး။ ။

အိမ်လွမ်းသူ



လောကဓံတရား
အချိုး အကွေ့
ကြုံတွေ့သမျှ
တိတိကျကျ လွဲချော်
အနာဂတ်ကို မမျှော်ချင်တဲ့အခါ
အရာရာကိုမငြူ စူ
အပူမှန်သမျှ ချုပ်ညှိမ်းပေး
ငြိမ်းအေးတဲ့ရင် ခွင်
သား........ပြန်လာချင်တယ် အမေ။ ။