အသစ်တွေ မရှိပါ
အဟောင်းတွေလည်း မရှိတော့ပါ။
ဘာမှမရှိခြင်းသည် ကား တစ်ခုခုကိုထည့်ရန်အတွက် အသင့်ဖြစ်နေ၏။
ကျွန်တော် လျှောက်ခဲ့သည်။
မုတ်သုံ ဘယ်နှစ်ရာသီရောက် ရောက်
ကိုယ့်လမ်း ကိုယ်ဖောက်ရင်းလျှောက်ခဲ့သည်။
သို့သော် ဂျိုင်းထောက် မပါခြင်းကြောင့်
အခါခါ လဲပြိုကျခဲ့၏။
........အပြာရောင်မိုးစက် မိုးပေါက်တို့ အောက်၌
ကောင်မလေးတစ်ယောက် ကျွန်တော့်ကို
သတိရချင် ရနေလိမ့်မည်.....
ရချင်မှလည်းရပါလိမ့်မည်.....
သို့သော်..... ဘုံအဆင့်ဆင့်မှာ မြင့်သည်ထက်မြင့်ဘို့
သူ့အတွက် ကျွန်တော်ဆုတောင်းပေးခဲ့သည်။
ကျွန်တော် တောင်းတသည်....
ကျွန်တော် ကမ်းလင့်သည်.....
(ဂျိုင်းထောက်တော့ မဟုတ်)
နူးညံ့သော လက်တစ်စုံဖြစ်၏။
''တနေ့နေ့ ''ကျွန်တော် ပြန်လာခဲ့ပါမည်....
သို့သော် ထို''တနေ့နေ့''သည် ကျွန်တော့ထံသို့ပြန်လာဘို့လိုသည်။
အခုတော့ ဘာမှမရှိတဲ့အတိုင်းထားလိုက်ပါမည်။
ဘာမှမရှိသော နေရာ၌တစ်ခုတော့ ရှိပါလိမ့်မည်......
ထိုအရာသည် “လိုအပ်ချက်” ဖြစ်၏။ ။
ဘာမှမရှိတော့ခြင်း အကြောင်း....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment